အမြို့မြို့အနယ်နယ်သတင်းများ

Mar 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ရပ်ကွက်​ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ခံယူချက်၊ ယုံကြည်ချက်မြင့်မားရေး သင်တန်းကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
Mar 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်(အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် လူမှုရေးပင်စင်ပေးအပ်ပွဲကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီခွဲက တောင်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ထိုးနှံပေးလျက်ရှိသည်။
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းလှမြို့နယ်၊ သံပုရာကန်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉)နာရီခွဲက ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
Mar 05,2024
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကလေးသူငယ်များအား ရောဂါဘယ ကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် သဲကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သဲကုန်းမြို့ပေါ် ရပ်ကွက်များ၊ မြို့နယ်အတွင်းရှိ ကိုယ်ဝန်​ဆောင်မိခင်များအား ကျန်းမာရေး အသိပညာ၊ ဗဟုသုတ ရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီ အချိန်က သဲကုန်းမြို့နယ် မိခင်နှင့် က​လေးကျန်းမာ​ရေး ဌာနတွင် အသက်(၁)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊​​ ဆေးတိုက်​ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၇၉၂)ဦး  ဖြေဆိုရန်အတွက် ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း  သိရသည်။