အမြို့မြို့အနယ်နယ်သတင်းများ

Mar 05,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက်(၉) နာရီခွဲ အချိန်က  စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
Mar 05,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 05,2024
နွေကျောင်းပိတ်ရက်တွင် ကျောင်းသား၊ကျောင်းသူများ စာကြည့်တိုက်သို့လာရောက်၍ မိမိနှစ်သက်ရာ စာပေဖတ်ရှုခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ကိုယ်လက်ကြံခိုင်စေရန် အားကစားလှုပ်ရှားမှု ဆောင်ရွက်ခြင်း၊ ဉာဏ်ရည်ရွှင်လမ်းစေရန် ဂိမ်းကစားခြင်း အစရှိသည်တို့ပြုလုပ်နိုင်ရန်အတွက် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ပေးကြောင်း သိရသည်။
Mar 05,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် နွေစပါးနှင့်အခြားသီးနှံစိုက်ဧက ၄၇၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။  
Mar 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနှင့် တောမီးလောင်ကျွမ်းမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း၍ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်းရှိ မယ်ကြုတ်ကျေးရွာ၊ မဟုန်လွယ်ကျေးရွာနှင့် မအို့ကျေးရွာတို့တွင် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခမဲ့အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံစာစီစာကုံးရေးနည်းသင်တန်းကို  ယမန်နေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဒုတိယနေ့ဆက်လက်သင်ကြားကြောင်း သိရသည်။