Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် အသက်(၉)နှစ်မှ (၁၂)နှစ်မကျော်သော မိန်းကလေး များအား စက်တင်ဘာလ(၁၈) ရက်နေ့မှ(၂၉)ရက်နေ့အထိ ကျောင်းအခြေပြုအစီအစဉ်ဖြင့် လည်းကောင်း၊ (၁၆)ရက်နေ့မှ(၂၇)ရက်နေ့အထိ ပြည်သူလူထုအခြေပြုအစီအစဉ်ဖြင့် လည်းကောင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်က ယင်းမာပင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်၌ မိုးရာသီ ဘတ်စကက်ဘော အမျိုးသား၊ အမျိုးသမီး သင်တန်းဆင်းပွဲနှင့် ပြိုင်ပွဲဆု ပေးပွဲကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပါင်းဖွင့်လှစ်ခဲ့သော မိုးရာသီ ဘတ်စကက်ဘော အမျိုးသား၊ အမျိုးသမီး သင်တန်းဆင်းနှင့် ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေလယ် ၁ နာရီ အချိန်က မြို့နယ်မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြောင်းမြသူနာပြုသင်တန်းကျောင်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားတက်ရောက်
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ဂျူတီကုတ်နှင့် ဦးဆောင် အပ်နှင်းခြင်းအခမ်းအနားသို့ ယနေ့ နံနက် ၈ နာရီခွဲအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တန်ဖိုးမြှင့်စားသောက် ကုန် Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် ၅/၂၀၂၃ သင်တန်းဖွင့်ပွဲ အခမ်းအနာ…
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းအမှတ်စဉ် ၅/၂၀၂၃ သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာ သင်တန်းခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင် တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသူ များအား အသက်အုပ်စုအလိုက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၄)ကျောင်းအား ယာယီပိတ်ထား
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျောင်းဝန်းအတွင်း ဧရာဝတီမြစ်ရေဝင် ရောက်သဖြင့် အခြေခံပညာကျောင်း (၄)ကျောင်းအား ယာယီပိတ်ထားကြောင်း မြို့နယ် ပညာရေးမှူး ရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကုန်းတန်းတောင် ကျေးရွာအုပ်စု၊ တော်ဝကျေးရွာ၊ တော်ဝဘုန်းကြီးကျောင်းတိုက်နှင့် ကုန်းတန်းမြောက်အုပ်စု၊ ရေကွင်းဆက်ကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်တို့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် အသက် ၉နှစ်ပြည့်ပြီး ၁၂နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံနိုင်ရေးအတွက် မြို့အဆင့်လုပ်ငန်းညှိနှိုင်…
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြိူ့နယ်တွင် အသက် ၉နှစ်ပြည့်ပြီး ၁၂နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံနိုင်ရေးအတွက် မြို့အဆင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9470
Page
9471
Page
9472
Page
9473
Current page
9474
Page
9475
Page
9476
Page
9477
Page
9478
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department