အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ သာသနာ့ဝိပုလဓာတ်တော်ကျောင်းတိုက်ရှိ ဆုတောင်းပြည့် ဓာတ်တော်စေတီတော်၌ (၁၈) ကြိမ်မြောက် မဟာသံဃိကဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့ညနေ (၄) နာရီက အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ပါသည်။
Mar 13,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ်အား စတင်‌ဖြေဆိုရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း၌ စာစစ်ဌာန (၇) ခုဖြင့် စီစဉ်ကျင်းပလျက်ရှိပြီး မြို့နယ်အသီးသီးမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၇၁၇) ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။
Mar 12,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ဒုတိယနေ့ အင်္ဂလိပ်ဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။
Mar 12,2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် စာမေးပွဲ ဖြေဆိုသည့်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၃၈) ခုတို့၌  ကျောင်းသား ကျောင်းသူ (၅၆၆၈) ဦး စိတ်အေးချမ်းသာစွာ ဖြေဆို ကြကြောင်း သိရှိရသည်။
Mar 12,2024
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာသာရပ်ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။
Mar 12,2024
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာသာရပ်ကို ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။
Mar 12,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများတွင် (Grade-12) ပညာသင်ယူနေသည့် ကျောင်းသား၊ သူများအနေဖြင့် (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ (Grade-12)ကို ယမန်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ချောင်းဆုံ(အ.ထ.က) စာစစ်ဌာနတွင် (အင်္ဂလိပ်စာ)ဘာသာရပ်ကို ကျောင်းသား၊ သူများ အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သိရသည်။
Mar 12,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းက ဒုတိနေ့ အင်္ဂလိပ်စာဘာသာဖြင့် ဆက်လက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။