အမြို့မြို့အနယ်နယ်သတင်းများ

Mar 12,2024
၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံနှင့်တစ်ဝှမ်း မတ်လ ၁၁ ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 12,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
Mar 12,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ တတိယအကြိမ် ပါဠိပထမပြန်စာအောင်ဆုချီးမြှင့်ခြင်း၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ချမ်းမြေ့ရိပ်သာဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Mar 12,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ မူလတန်းကြိုကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အလုပ်ရုံနှင့်အလုပ်သမား ဥပဒေရုံးတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Mar 12,2024
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၄)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ ၁၁၉၂ ဦးမှ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိ ရသည်။
Mar 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့အဖြစ် အင်္ဂလိပ်ဘာသာကို ယနေ့နံနက်ပိုင်းမှ အ.ထ.ကဘုတ်ပြင်း စာစစ်ဌာနတွင်  ကျောင်းသား၊ ကျောင်းသူများ  အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 12,2024
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက ဒက္ခိဏသီရိမြို့နယ် မဲဒီးကျေးရွာသို့ သွားရောက်ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
Mar 12,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စာစစ်ဌာနများ တွင် မတ်လ ၁၂ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade-12)စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ ဆက်လက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။