ချောင်းဆုံမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုပြီးစီး

ချောင်းဆုံ မတ် ၁၂

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများတွင် (Grade-12) ပညာသင်ယူနေသည့် ကျောင်းသား၊ သူများအနေဖြင့်  (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ (Grade-12)ကို ယမန်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့ နံနက်ပိုင်းက  ချောင်းဆုံ(အ.ထ.က) စာစစ်ဌာနတွင် (အင်္ဂလိပ်စာ)ဘာသာရပ်ကို ကျောင်းသား၊ သူများ  အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း(၉)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(၅)ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း(၁)ကျောင်းတို့ မှ (Grade-12) ကျောင်းသား၊ သူ (၄၄၇)ဦး ဝင်ရောက်ဖြေ၍ ဖြေဆိုသည့်ရာခိုင်းနှုန်း(၉၈.၀၃%) ရှိခဲ့ပြီး စာမေးပွဲဖြေဆိုပြီးစီးသည့် ကျောင်းသား၊ သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများမှ  ကြိုဆိုနှုတ်ဆက်ကာ အချိုရည် အအေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)