အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် (၂ဝ၂၄) တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့ စစ်ဆေးပေးလျက်ရှိပြီး ယနေ့ နံနက် (၉:၃၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
Mar 13,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသည့် ကုလားပဲစိုက်ခင်းများ လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ကုလားပဲရိတ် အငှားလိုက်သည့် နေ့စားအလုပ်သမားများ နေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 13,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်ပညာရပ်များ တိုးပွားစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ လှိုင်စင်တာတွင် စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ်(၄)ကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 13,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား လေ့လာသိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့မ‌စျေးလမ်းဆုံတွင် လဲချားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများပူးပေါင်းကာ မြို့အတွင်း ဖြတ်သန်းသွားလာနေသော ခရီးသည်များ၊ မိဘပြည်သူများနှင့် ဒေသနေတိုင်းရင်းသားများအားလုံး ဖြန့်ဝေပေးခြခဲ့ကြကြောင်း သိရှိရသည်။
Mar 13,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မက်မန်းမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Mar 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မတ်လ ၁၁ ရက်နေ့ နေ့လယ်(၁)နာရီအချိန်က ဗိုလ်တထောင်မြို့နယ် သမဦးစီးဌာနတွင် စာအုပ်များလက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ကြောင်းသိရသည်။
Mar 13,2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအား စာစစ်ဌာန ၂ ခု ဖွင့်လှစ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် သက်ဆိုင်ရာစာစစ်ဌာနများတွင် အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများတည်ငြိမ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။