အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် (၉) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ (MSME) စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ကို ချမှတ်ပြီး တွန်းအားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။
Mar 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သည့် လူမှုထူးချွန်တံဆိပ်(ပထမဆင့်) ရရှိသူ (၃)ဦးအား တစ်ဦးလျှင် ကျပ် (၅)သိန်းနှုန်းဖြင့် (၃)ဦးအတွက် ကျပ်(၁၅)သိန်း ဆုငွေချီးမြှင့်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 13,2024
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာစီးပွားရေးတက္ကသိုလ် ငွေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 13,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင် (၂၅၀) စောင်ကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က မြို့မရဲစခန်း‌ရှေ့၊ ပြည်သူ့ဆေးရုံရှေ့ လမ်းမကြီးတလျှောက်တွင် ဖြတ်သန်းသွားလာနေသော မိဘပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Mar 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ အသိညာပေး လုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၁)ခွဲ အချိန်က နွေရာသီကာတွန်းရေးဆွဲနည်း အခြေခံသင်တန်း (ပညာဒါန)ဆင်းပွဲ အခမ်းအနားကို ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 13,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကဒီးကျေးရွာနှင့် ထနောင်တောကျေးရွာများ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲများကို ယမန်နေ့ နေ့လယ် ၁ နာရီတွင် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
Mar 13,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူလူထုအား မီးဘေးအန္တရာယ်မှကင်းဝေးစေရန်၊ မီးဘေးအသိ၊ မီးဘေးသတိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 13,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌  ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို အုန်းတော(၁)နှင့် အုန်းတော(၂)ရပ်ကွက်၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။