နေပြည်တော် မတ် ၁၂
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာသာရပ်ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သည့် နတ်မောက်မြို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၇ ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုသူရာခိုင်နှုန်း ၉၇.၃၅ ရာခိုင်နှုန်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၅ ဦး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၉၉ ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုသူ ရာခိုင်နှုန်း ၉၇.၈၄ ရာခိုင်နှုန်း၊ မင်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၁၂ ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုသူရာခိုင်နှုန်း ၉၅.၁၂ ရာခိုင်နှုန်း၊ ကျောက်တလုံးကြီးမြို့ တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၁ ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုသူ ရာခိုင်နှုန်းပြည့်၊ ပခုက္ကူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၂၀ ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုသူရာခိုင်နှုန်း ၉၅.၆၇ ရာခိုင်နှုန်း အသီးသီးဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး များမှ သိရ သည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။
ပြန်/ဆက်