မုံရွာ မတ် ၁၂
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် စာမေးပွဲ ဖြေဆိုသည့်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၃၈) ခုတို့၌ ကျောင်းသား ကျောင်းသူ (၅၆၆၈) ဦး စိတ်အေးချမ်းသာစွာ ဖြေဆို ကြကြောင်းသိရှိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် စာစစ်ဌာနအသီးသီးတို့ရှိကျောင်းသားကျောင်းသူလေးများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး အတွက် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေး ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအနေဖြင့် မတ်လ ၁၁ ရက်နေ့က မုံရွာမြို့၊ အမှတ် (၂)အခြေခံပညာ အထက်တန် းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း (အလုံ) တို့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကျောင်းပတ်ဝန်းကျင်မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စာစစ်ဌာန (၃၈) ခုတွင် စာရင်းရှိ ကျောင်းသား ပေါင်း (၂၃၈၉) ဦး ၊ ကျောင်းသူ ( ၃၇၂၀ )ဦးစုစုပေါင်း (၆၁၀၉) ဦး ရှိရာ ဒုတိယနေ့တွင် ကျောင်းသား (၂၂၀၆ )ဦး၊ ကျောင်းသူ ( ၃၄၆၂)ဦး ၊ စုစုပေါင်း (၅၆၆၈) ဦးဖြေဆို ခဲ့ပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၂ ဒဿမ ၇၈ ရှိကြောင်း သိရပြီးတက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် စွာကျင်းပပြီးစီးနိုင်ရေး တာဝန်ရှိသူများက ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)