လှိုင်းဘွဲ မတ် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းက ဒုတိနေ့ အင်္ဂလိပ်စာဘာသာဖြင့် ဆက်လက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က-လှိုင်းဘွဲ စာစစ်ဌာနနှင့် အ.ထ.က-ရွှေဂွန်း စာစစ်ဌာနတို့တွင် ကျင်းပခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့ အင်္ဂလိပ်ဘာသာကို လှိုင်းဘွဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများနှင့်ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၂၈၆)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၀၁)ဦး အေးချမ်းစွာဆက်လက်ဖြေဆိုခဲ့ကြကြောင်း၊ အဆိုပါ စာမေးပွဲဖြေဆိုပြီးနောက် စစ်ဗျူဟာ(အခြေချ) လှိုင်းဘွဲစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် ဌာနဆိုင်ရာများကစုပေါင်း၍ စာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများအတွက် Royal-D အအေးဗူးများအား ပေးဝေခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)