လွိုင်လင် မတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ သာသနာ့ဝိပုလဓာတ်တော်ကျောင်းတိုက်ရှိ ဆုတောင်းပြည့် ဓာတ်တော်စေတီတော်၌ (၁၈) ကြိမ်မြောက် မဟာသံဃိကဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ ညနေ (၄) နာရီက အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ပါသည်။
(၁၈) ကြိမ်မြောက် မဟာသံဃိကဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဘုရားဒါယကာ၊ ဒါယိကာမ မိသားစုမှ ကြီးမှူး၍ လွိုင်လင်တပ်နယ်၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံအလှူရှင်များက စုပေါင်းကာ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းဖြစ်ကြောင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပင့်ကျောင်း (၂၀) မှ သံဃာ (၂၄၇) ပါးတို့ ကြွရောက်အလှူခံကြကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
လွိုင်လင်မိုး( ခရိုင်ပြန်/ဆက်)