ပုသိမ် မတ် ၁၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ဒုတိယနေ့ အင်္ဂလိပ်ဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များဖြစ်သည့် ဘိုကလေးမြို့နယ်တွင်မြို့နယ်တွင် စုစုပေါင်းဖြေဆိုသူ (၇၈၈) ဦးရှိကာ ဖြေဆိုသည့် ရာခိုင်နှုန်း (၉၇.၇) ရာခိုင်နှုန်း၊ ကျိုက်လတ်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၅၈၁)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၅)၊ ဝါးခယ်မမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၁၅၃) ဦး၊ ဖြေဆိုရာခိုင်နှုန်း (၉၄.၅) ရာခိုင်နှုန်း၊ အိမ်မဲမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၇၁၉) ဦးဖြင့် ဖြေဆိုမှု (၉၆) ရာခိုင်နှုန်း၊ ဖျာပုံမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၈၄၅) ဦးဖြင့် ဖြေဆိုမှု (၉၆.၅) ရာခိုင်နှုန်း၊ လပွတာမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၆၃၂) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၇)ရာခိုင်နှုန်း၊ ကျောင်းကုန်းမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၇၉၀)ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၇)ရာခိုင်နှုန်း၊ ကျုံပျော်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၆၄၂) ဦး ဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၄) ရာခိုင်နှုန်း၊ ရွှေသောင်ယံမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၃၂)ဦး ဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ(၉၁) ရာခိုင်နှုန်း၊ ငပုတောမြို့နယ်တွင် ဖြေဆိုသူဦးရေ စုစုပေါင်း (၁၀၀၉) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၄) ရာခိုင်နှုန်း၊ ညောင်တုန်းမြို့တွင် ဖြေဆိုသူစုစုပေါင်း (၄၀၃) ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၂) ရာခိုင်နှုန်း၊ ဟင်္သာတမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း(၅၅၂)ဦးဖြင့် ဖြေဆိုသူရာခိုင်နှုန်း (၉၅)ရာခိုင် နှုန်း၊ ဒေးဒရဲမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၄၄၂)ဦးဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၈) ရာခိုင်နှုန်း၊ မအူပင်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၀၅၉) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၄) ရာခိုင်နှုန်း၊ ကန်ကြီးထောင့်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၆၆၆)ဦးဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၀.၅) ရာခိုင်နှုန်း၊ ဟိုင်းကြီးကျွန်းမြို့တွင် ဖြေဆိုသူစုစုပေါင်း (၁၄၂) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၈၆) ရာခိုင်နှုန်း၊ ကြံခင်းမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၅၀) ဦး ဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၅) ရာခိုင်နှုန်း ဖြင့်အသီးသီးဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးများမှ သိရသည်။
ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့် ကြပ်ကြည့်ရှု ပေးလျက်ရှိကာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။