နေပြည်တော် မတ် ၁၂
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာသာရပ်ကို ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သည့် မိုးနဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၂ဦးနှင့် ကျိုင်းတောင်းမြို့နယ်တွင် ဖြေဆိုသူ ၃၅ ဦး၊ နောင်ချိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၉၄ ဦး ဖြေဆိုသူ ရာခိုင်နှုန်း ၉၅.၃၇ ရာခိုင်နှုန်း၊ မိုင်းနောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄)ဦး၊ ကွန်ဟိန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၄ ဦး ဖြေဆိုသူ ရာခိုင်နှုန်း ၈၈.၉ ရာခိုင်နှုန်း၊ ပင်လုံမြို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆၃ ဦး၊ မိုင်းရှူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၀ ဦး၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၃၄ ဦး၊ ပင်းတယမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၉၂ ဦး၊ မိုင်းယောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၇ ဦး ဖြေဆိုသူ ရာခိုင်နှုန်း ၉၄.၈၇ ရာခိုင်နှုန်း၊ လွိုင်လင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆၃ ဦး၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၈ ဦး ဖြေဆိုသူ ရာခိုင်နှုန်း ၈၅.၇၁ ရာခိုင်နှုန်း၊ ပင်လောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၆ ဦး၊ မိုင်းရယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၃ ဦး၊ မောက်မယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၇ ဦး အသီးသီး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်းသိရသည်။
ပြန်/ဆက်