အမြို့မြို့အနယ်နယ်သတင်းများ

Mar 13,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
Mar 13,2024
၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော အောင်ပွဲရ ကရင်ပြည်နယ်ဝူရှူး(ဆန်ဆို)အသင်းအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို မတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Mar 13,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကဒူးပြင်ကျေးရွာအုပ်စု ကဒူးပြင်(အနောက်)ကျေးရွာ ဘုန်းတောကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့နံနက် (၁၀)နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံအရာရှိများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။  
Mar 13,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါလာပြီး ယမန်နေ့နံနက် ၁၀ နာရီအချိန်က စဉ့်ကိုင်မြို့နယ်အတွင်းရှိ၊ အ.ထ.က (စဉ့်ကိုင်) ကျောင်းသို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် စိတ်အေးချမ်းသာစွာဖြေဆိုနေသော ကျောင်းသား/သူများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
Mar 13,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)က ဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအား ယဥ်ကျေးလိမ္မာပြီး ဘာသာတရားကိုင်းရှိုင်းစေရန် ရည်ရွယ်၍ နွေရာသီယဥ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယမန်နေ့က အ.ထ.က(၄)အေးစေတီကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 13,2024
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပတ္တာကျေးရွာအုပ်စု၊ အလယ်မြင် စိုင်းရပ်ကွက်ဓမ္မာရုံတွင် အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 13,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆောင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 13,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ဒေသခံအကျိုးဆောင်တောင်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ယူရီးယားဓာတ်မြေဩဇာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ မတ် ၁၂ ရက်နံနက် ၁၀ နာရီခွဲက ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးအောင်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာနမှူး ဦးနေဝင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးဇော်တို့က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။