အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တိုင်းဒေသကြီး၊ ပြည်နယ်များရှိ၊ မြို့နယ်အသီးသီးတို့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို မတ်လ ၁၄ ရက်နေ့နံနက် ၉ နာရီက ဆက်လက်ကျင်းပကြရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စာစစ်ဌာန (၂)ခုတွင်လည်း ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၆၅၁)ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 14,2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၂ ခု ဖွင့်လှစ်၍ စစ်ဆေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် သက်ဆိုင်ရာစာစစ်ဌာနများတွင် ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
Mar 14,2024
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ဓာတုဗေဒနှင့်ပထဝီဘာသာရပ်များကိုကို ကျောင်းသား၊ကျောင်းသူမှ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။
Mar 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့နံနက်ပိုင်းတွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာနှင့်ပထဝီဝင်ဘာသာကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိရာ စာမေးပွဲအပြီး ပြန်ထွက်လာသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အားဖြည့်အချိုရည်၊ ရေနှင့်အာဟာရပြည့်မုန့်များ ပေးဝေခဲ့ကြသည်။
Mar 14,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးခန်းမတွင် ယမန်နေ့ နံနက်  ၁၀ နာရီခွဲက လူမှုဖူလုံရေး အကျိုးခံစားခွင့်ရရှိသူများသို့ အကျိုးခံစားခွင့်ငွေများ ထုတ်ပေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 14,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၁၁)ရက်၊ နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၈) ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(စတုတ္ထနေ့) ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ(၁၁၄၅)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 14,2024
တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုနေစဉ်ကာလအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် စာစစ်ဌာနအနီး မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက်  မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။