အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2024
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌၊ စာစစ်ဌာန(၃)ခုတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
Mar 14,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့စာစစ်ဌာနများတွင် ယနေ့မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်များကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 14,2024
လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်အရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွက် ကရင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Mar 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အ.ထ.က (စဉ့်ကိုင်)စာစစ်ဌာန၌ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသော ကျောင်းသား/သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများက မတ်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က (၇၉)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။
Mar 14,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/ မီးလန့်မှုများလျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Mar 14,2024
စဉ့်ကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့အား ယနေ့နံနက်(၉)နာရီမှစ၍ ဖြေဆိုလျက်ရှိရာ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
Mar 14,2024
၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နိုင်ငံအဝန်းတွင် ကျင်းပဖြေဆိုလျက်ရှိရာ ယနေ့ မတ်လ ၁၄ရက် နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် အ.ထ.က (မတ္တရာ)၌ စာစစ်ဌာန၌  ဓါတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။
Mar 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အ.ထ.က ခမောက်ကြီးကျောင်း စာစစ်ဌာနတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတုတ္ထနေ့တွင် အထူးပြုဘာသာရပ်အလိုက် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်အား (Grade-12) ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆို ပြီးစီးခဲ့ကြောင်းသိရသည်။