ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးခန်းမတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှအကျိုးခံစားခွင့်ငွေများ ထုတ်ပေး

ချမ်းမြသာစည် မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးခန်းမတွင် ယမန်နေ့ နံနက်  ၁၀ နာရီခွဲက လူမှုဖူလုံရေး အကျိုးခံစားခွင့်ရရှိသူများသို့ အကျိုးခံစားခွင့်ငွေများ ထုတ်ပေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးသန်းနိုင်ဦးနှင့်မိတ်ဖက်ဌာနများ၊ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အကျိုးခံစားခွင့်ရရှိသူများ၊ အလုပ်ရှင်များ၊ အလုပ်သမားများ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးတာဝန်ခံအရာရှိဦးသန်းနိုင်ဦးက အမှာစကားပြောကြားပြီးနောက် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမား ဦးစည်သူဝင်း(သေဆုံး)၊ အာမခံအလုပ်သမား ဦးအောင်သိန်းမော်၊ အာမခံအလုပ်သမား ဒေါ်ယဉ်မျိုးဌေးတို့၏ အကျိုးခံစားခွင့်ငွေများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ ကျန်ရစ်သူမိသားစုများနှင့် သက်ဆိုင်ရာ အာမခံအလုပ်သမားတို့က အသီးသီး လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

ချမ်းမြေ့