ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်အား တည်ငြိမ်အေးချမ်းစွာဆက်လက်ဖြေဆို

မောင်တော မတ် ၁၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၂ ခု ဖွင့်လှစ်၍ စစ်ဆေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် သက်ဆိုင်ရာစာစစ်ဌာနများတွင် ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာရင်းရှိ ကျောင်သား၊ကျောင်းသူ ၄၆၁ ဦးနှင့် (တောင်ပြိုလက်ဝဲ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန) အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ ၉၃ ဦးရှိပြီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၅၄ ဦးရှိသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား မောင်တောမြို့နယ်အတွင်း ဝင်ရောက်ဖြေဆိုသူ ၃၆၃ ဦးရှိသဖြင့် ပျက်ကွက်မှာ ၉၈ ဦးရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၇၉ ရာခိုင်နှုန်းဖြစ်ရာ ပျက်ကွက်ရာခိုင်နှုန်းမှာ ၂၁ ရာခိုင်နှုန်းဖြစ်ပြီး ပထဝီဝင် ဘာသာရပ်အား မောင်တောမြို့နယ်အတွင်း ဝင်ရောက်ဖြေဆိုသူ ၃၀ ဦးရှိသဖြင့် ပျက်ကွက်မှာ ၆၃ ဦးရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ ၃၂ ရာခိုင်နှုန်းဖြစ်ရာ ပျက်ကွက် ရာခိုင်နှုန်းမှာ ၆၈ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်