အမြို့မြို့အနယ်နယ်သတင်းများ

Mar 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီသည် မြို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဗန္ဓုလလမ်း (ဗိုလ်မှူးဗထူးလမ်းမှ ရာဇသင်္ကြန်လမ်းကြား) လမ်းသားတိုးချဲ့ခြင်းနှင့် ကွန်ကရိခင်းခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာလမ်းတံတားဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 15,2024
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များရှိ အခြေခံပညာကျောင်းများ၌ မတ် ၁၄ ရက်နေ့ နံနက် ၉ နာရီက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။
Mar 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် (၁၃.၃.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅း၁၀) နာရီအချိန်တွင်၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်းနှင့် ယောမင်းကြီးလမ်းရှိ လမ်းဘေးဆိုင်များတွင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရောင်းချနိုင်ရေးအတွက် လမ်းဘေးစျေးဆိုင်များအား လိုက်လံစစ်ဆေးခြင်း ကျန်းမာရေးအသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Mar 15,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ရုံးပေါင်းဆုံလမ်း၌ ၂၀၂၄ ခုနှစ်၊ ယမန်နေ့က ပတ်ဝန်းကျင်တွင် မီးထိတ်လန့်မှုမဖြစ်စေရန် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 15,2024
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များရှိ အခြေခံပညာကျောင်းများ၌ မတ် ၁၄ ရက်နေ့ နံနက် ၉ နာရီက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။
Mar 15,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓါတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို စာစစ်ဌာန (၃) ခုတွင် ယမန်နေ့နံနက်ပိုင်းက ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 15,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၉) နာရီက ရိုးရာခြင်းခတ်နည်းသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
Mar 15,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်က နန်းခဲရပ်ကွက်ရှိ ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။