ဘုတ်ပြင်းမြို့တွင်  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများအား အားဖြည့်အချိုရည်၊ ရေနှင့်အာဟာရပြည့်မုန့်များ ပေးဝေ

ဘုတ်ပြင်း   မတ်    ၁၄        

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ယနေ့နံနက်ပိုင်းတွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာနှင့်ပထဝီဝင်ဘာသာကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိရာ စာမေးပွဲအပြီး ပြန်ထွက်လာသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အားဖြည့်အချိုရည်၊ ရေနှင့်အာဟာရပြည့်မုန့်များ ပေးဝေခဲ့ကြသည်။

ဘုတ်ပြင်းမြို့ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များက ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး အားဖြည့်အချိုရည်၊ ရေနှင့် အာဟာရ ပြည့်မုန့်များ ပေးဝေခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)