စဉ့်ကိုင် မတ် ၁၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တိုင်းဒေသကြီး၊ ပြည်နယ်များရှိ၊ မြို့နယ်အသီးသီးတို့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို မတ်လ ၁၄ ရက်နေ့နံနက် ၉ နာရီက ဆက်လက်ကျင်းပကြရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စာစစ်ဌာန (၂)ခုတွင်လည်း ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၆၅၁)ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာနများအဖြစ် အ.ထ.က (စဉ့်ကိုင်) နှင့် အ.ထ.က(ပလိပ်)တို့တွင် သတ်မှတ်ဖြေဆိုစေခဲ့ပြီး အ.ထ.က(စဉ့်ကိုင်) စာစစ်ဌာန၌ ဓာတုဗေဒဘာသာရပ်တွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား /သူဦးရေ (၄၄၆) ဦးရှိရာ (၄၃၅) ဦး ဖြေဆိုပြီး (၁၁)ဦး ပျက်ကွက်ပြီး အ.ထ.က(ပလိပ်) စာစစ်ဌာနတွင် ဓာတုဗေဒဘာသာရပ်အတွက် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား/သူ (၁၀၅)ဦးရှိရာ (၁၀၅)ဦးစလုံးဖြေဆိုခဲ့ကြောင်း၊ အ.ထ.က (စဉ့်ကိုင်) စာစစ်ဌာနတွင် ပထဝီဝင်ဘာသာရပ်အတွက် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား/သူ (၁၃)ဦးဖြစ်ပြီး (၁၃)ဦးစလုံးဖြေဆိုခဲ့ပြီး အ.ထ.က (ပလိပ်) စာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား/သူ (၉)ဦးရှိရာ (၈)ဦး ဖြေဆိုခဲ့ပြီး (၁)ဦးသာ ပျက်ကွက်ခဲ့ကြောင်း၊ စာစစ်ဌာ(၂)လုံးတွင် ဓာတုဗေဒဘာသာရပ် ဖြေဆိုသူ (၅၄၀)ဦးဖြစ်ပြီး (၁၁)ဦး ပျက်ကွက်ခဲ့ကြောင်း၊ ပထဝီဝင်ဘာသာရပ်တွင် စုစုပေါင်းဖြေဆိုသူ (၂၁)ဦးရှိပြီး (၁)ဦးပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေး အတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များ၌ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက စနစ်တကျ စောင်ကြပ် ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)