ကျောက်ဖြူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတု‌ဗေဒနှင့် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ကျောင်းသူ(၁၁၄၅)ဦး ဝင်ရောက်ဖြေဆို

ကျောက်ဖြူ   မတ်  ၁၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၁၁)ရက်၊ နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၈) ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(စတုတ္ထနေ့) ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ(၁၁၄၅)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၈)ခုဖြင့် ကျင်းပလျှက်ရှိပြီး ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၂၇၃)ဦး၊ ဝင်ရောက်ဖြေဆို သည့် ကျောင်းသား၊ကျောင်းသူ (၉၆၁) ဦး၊ ပျက်ကွက် (၃၁၂) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၇၅.၄၉) ရာခိုင်နှုန်း ရှိကာ ပထဝီဘာသာရပ်ကို ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၅၂)ဦး၊ ဝင်ရောက်ဖြေဆို သည့် ကျောင်းသား၊ကျောင်းသူ (၁၈၄) ဦး၊ ပျက်ကွက် (၆၈) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၇၃.၀၂) ရာခိုင်နှုန်း ရှိကြောင်း   မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဝင်ရောက်ဖြေဆိုနိုင်ရေး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)