တောင်ကုတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊ ကျောင်းသူများမှ စတုတ္ထနေ့အဖြစ်အေးချမ်းစွာ ဖြေဆိုလျက်ရှိ

တောင်ကုတ်       မတ်    ၁၄

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ဓာတုဗေဒနှင့်ပထဝီဘာသာရပ်များကိုကို ကျောင်းသား၊ကျောင်းသူမှ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများအဖြစ် အ-ထ-က(၁)၊ အထက(၂)မြို့မ ၊ အ-ထ-က(၄)နှင့် အထက (ရွာမ)တို့တွင် စာစစ်ဌာနများဖွင့်လှစ်၍ကျင်းပလျက်ရှိပြီး ဓာတုဗေဒဘာသာရပ်၌ ဖြေဆိုရန်စာရင်းရှိ ၁၁၉၉ ဦးရှိသည့်အနက် ၁၀၉၃ ဦးကလည်းကောင်း၊ ပထဝီဘာသာရပ်၌ ဖြေဆိုရန်စာရင်းရှိ ၁၀၆ ဦးရှိသည့် အနက် ၉၉ ဦးကလည်းကောင်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများအလိုက် အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်၊ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)