အမြို့မြို့အနယ်နယ်သတင်းများ

Mar 14,2024
မကွေးတိုင်းဒေသကြီ၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရန်အတွက် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က မြို့ပြသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Mar 14,2024
ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် အခြေခံ သတင်းရေးသားရာတွင် ပြည်သူလူထုထံ ထိရောက်စွာနှင့် အချက်အလက် မြန်ဆန်မှန်ကန်စွာ တင်ပြနိုင်ရန် ရည်ရွယ်၍ “သတင်းရေးသားနည်းသင်တန်း (၁/၂၀၂၄)” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော မှော်ဘီမြို့နယ်ရှိ စုယုအိ အထည်ချုပ်စက်ရုံနှင့် (Kido Yangon Co.,Ltd.) စက်ရုံတို့မှ အာမခံအလုပ်သမား(၂)ဦးအတွက် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဘားလမ်းရှိတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၉) နာရီက ကျင်းပသည်။
Mar 14,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊   ညောင်ဇစ်ကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီက ပြည်သူ့စစ်မှု ထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။  
Mar 14,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် နွေရာသီအားကစားသင်တန်းများကို အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
Mar 14,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာန ဝန်ထမ်းများမှ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် အင်္ဂလိပ်စာအခြေခံသင်တန်းတွင် တက်ရောက်သင်ကြားနေသည့် ကျောင်း/သားသူများအား နိုင်ငံသားစိစစ်ရေးကတ်များကို အခမဲ့ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Mar 14,2024
၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများကို သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က  ရပ်ဝေးဒေသများမှ ဘားအံမြို့ပေါ်ရှိစာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းလာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက် တွေ့ဆုံအားပေး၍ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
Mar 14,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုမင်္ဂလာပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကဏ္ဍအလိုက် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။