အမြို့မြို့အနယ်နယ်သတင်းများ

Mar 15,2024
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များရှိ အခြေခံပညာကျောင်းများ၌ မတ် ၁၄ ရက်နေ့ နံနက် ၉ နာရီက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။
Mar 14,2024
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို National Road Safety Action Plan (2021-2030) နှင့်အညီ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းတာဝန်များကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။
Mar 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဗြဟ္မာဝိဟာရ(ဂျလန်း)ကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သော ပန်းအလှထိုးနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
Mar 14,2024
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို မတ်(၁၁)ရက် နံနက်(၉)နာရီက စတင်ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး ကျောက်ဆည်မြို့အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များက နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မတ်(၁၄)ရက်နေ့တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်များ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
Mar 14,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအား အာဟာရပြည့်ဝရေးအတွက် (MCCT) ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ကျေးရွာအုပ်စုတာဝန်ရှိသူများတို့က  လက်ဝယ်အရောက်လိုက်လံပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Mar 14,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်မတ်(၁၁) ရက်နေ့မှစတင်၍ ဖြေဆိုလျက်ရာ ယနေ့တွင် ဓာတုဗေဒဘာသာရပ်ကို အထက(၁) ကျောင်းစာစစ်ဌာန၊ အ.ထ.က(၂)စာစစ်ဌာနတို့တွင် ကျောင်းတွင်းဖြေနှင့် အပြင်ဖြေ(Grade.12) ကျောင်းသား၊ သူများ ဝင်ရောက်ဖြေဆိုလျက်‌ရှိ‌ကြောင်း သိရသည်။