ပုသိမ်ကြီးမြို့နယ်တွင် ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စတုတ္ထနေ့ ဓာတုဗေဒ၊ ပထဝီဝင် ဘာသာရပ်တို့ စာမေးပွဲဖြေဆိုရာသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု

ပုသိမ်ကြီး မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ၊ ပထဝီဝင် ဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက မြို့နယ်တွင်းရှိ စာစစ်ဌာန ၂ ခုတွင် ကျောင်းသားကျောင်းသူများ အသီးသီး  ဆက်လက်ဖြေဆိုလျက်ရှိသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ စိတ်လက်အေးချမ်းစွာ ဖြေဆိုနိုင်ရန် အထက ပုသိမ်ကြီးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်တင့်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေ၊ ခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းတို့က ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြသည်။

ယနေ့ ဓာတုဗေဒ ဘာသာရပ် စာမေးပွဲဖြေဆိုရာတွင် အ-ထ-က (ပုသိမ်ကြီး)တွင် စာရင်းရှိ ကျောင်းသား (၉၃)ဦး၊ ကျောင်းသူ (၁၅၈)ဦး၊ စုစုပေါင်း (၂၅၁)ဦး ရှိပြီး လာရောက်ဖြေဆိုသူ ကျောင်းသား (၈၈)ဦး၊ ကျောင်းသူ (၁၅ဝ)ဦး၊ စုစုပေါင်း (၂၃၈)ဦး၊ ပျက်ကွက် (၁၃)ဦး၊ အထက အုန်းချောတွင် စာရင်းရှိ ကျောင်းသား (၆၄)ဦး၊ ကျောင်းသူ (၈၅)ဦး၊ စုစုပေါင်း(၁၄၉)ဦး ရှိပြီး လာရောက်ဖြေဆို ကျောင်းသား (၆၁)ဦး၊ ကျောင်းသူ (၈၄)ဦး၊ ပျက်ကွက် (၄)ဦး၊ စုစုပေါင်း(၁၄၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ပထဝီဝင်ဘာသာရပ် ဖြေဆိုရာတွင် ပုသိမ်ကြီး အ-ထ-ကတွင် စာရင်းရှိ ကျောင်းသား (၁) ဦး၊ ကျောင်းသူ (၇)ဦး၊ ဖြေဆိုသူ စုစုပေါင်း (၅) ဦး၊ အုန်းချော အ-ထ-က တွင် စာရင်းရှိ ကျောင်းသား (၂) ဦး၊ ကျောင်းသူ (၉) ဦး၊ ဖြေဆိုသူ စုစုပေါင်း (၁ဝ) ဦးတို့ လာရောက်ဖြေဆိုကြောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်ပြန်/ဆက်