အမြို့မြို့အနယ်နယ်သတင်းများ

Apr 03,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်သည် မြေခံ၊ ရေခံကောင်း၍ မိုးရေ၊ ဆည်ရေ၊ ကန်ရေ၊ မြေအောက်ရေတို့ဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း စိုက်ပျိုးတောင်သူများထံက သိရသည်။
Apr 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဧပြီ(၁) ရက်နေ့ ညနေ (၄) နာရီက စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Apr 03,2024
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ပြုလုပ်ခဲ့သည်။
Apr 03,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ကျေးလက်စိုက်ပျိုးရေးတောင်သူများ Mobile Phone အသုံးပြု၍ စိုက်ပျိုးနည်းပညာနှင့် ဈေးကွက်သတင်းအချက်အလက်များ ရယူသုံးစွဲနိုင်ရေး Mobile Phone အသုံးပြုနည်းသင်တန်းကို ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်​ကြားခဲ့သည်။
Apr 03,2024
မွန်ပြည်နယ်၊ သထုံမြို့‌ပေါ်ရှိ ရေအခက်အခဲဖြစ်ရာ ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဧပြီလ (၁)ရက်နေ့နံနက်က စတင်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Apr 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁ ရက်နေ့ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပခဲ့ရာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်း ကျောင်းသား/ ကျောင်းသူ (၅၈) ဦး တက်ရောက်ခဲ့သည်။
Apr 03,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အသက်တစ်နှစ်မှ ငါးနှစ်အတွင်း ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် Catch Up နည်းလမ်းဖြင့် ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးလျက်ရှိသည်။