အမြို့မြို့အနယ်နယ်သတင်းများ

Mar 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများအား မွေးမြူရေးအလေ့အကျင့်ကောင်းများရရှိစေရေး၊ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ရည်ရွယ်၍အသိပညာပေး ဟောပြောပွဲများကို စဥ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ နဝရတ်ခန်းမ၌ ခွေးရူးရောဂါ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာ‌ရေးမှူးနှင့် အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Mar 29,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ခရိုင်ပြည်သူ့စာကြည့် တိုက်၌ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်၍ (အခမဲ့) စာစီစာကုံးရေးသားနည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Mar 29,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို၌ နွေ​ရာသီကျောင်းပိတ်ရက် ကျောင်းသားကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာဘာသာ ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံအင်္ဂလိပ်စာ Grammar သင်တန်းကို မတ် ၂၈ ရက်နံနက် ၉ နာရီခွဲက ကျင်းပသည်။
Mar 29,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်ခြင်းကြောင့် စိမ့်စမ်းရေများမှဖြစ်ပေါ်လာသော စမ်းချောင်းငယ်လေးများနဘေးတွင် သဘာ၀အလျောက် ပေါက်ရောက်သော ရာသီစာဇရစ်ရိုးပင်များကို ကျေးရွာအများစုမှ ဒေသခံများက ချိုးယူရောင်းချကာ မိသားစုစားဝတ်နေရေး  အဆင်ပြေလျက်ရှိကြောင်း သိရသည်။   
Mar 29,2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းရှိ ပရိယတ္တိဗိမာန် (နှစ်ထပ်စာဖြေဆောင်)၌ စတင်ဖြေဆိုကြသည်။
Mar 29,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကိုဝန် ဆောင်မိခင်စောင့်ရှောက်ခြင်းနှင့် ကလေးမီးဖွားပြီး မိခင်အား အားဆေးများနှင့် အဟာရအဖြစ် စားသောက်ဖွယ်ရာများ သွားရောက်ထောက်ပံ့ခြင်းကို ယမန်နေ့နံနက်ပိုင်းက ထန်းတောကျေးရွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းပိုင်သားဖွားခန်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mar 29,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ မြို့မဈေးကြီးရှေ့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။