ပေါင်းတည်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပူးပေါင်းအဖွဲ့က ပြည်သူများအားဖြန့်ဝေ

ပေါင်းတည် ဧပြီ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်အတွက် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရန် အကျုံးဝင်သူများ စစ်ပညာသင်ကြားရေးနှင့် နိုင်ငံကိုကာကွယ်ရန် စစ်မှုထမ်းဆောင်နိုင်ရေးတို့အတွက် ရည်ရွယ်ကာပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများ ဖော်ပြထားပြီး ပြည်ဖျက်မီဒီယာများ၊ လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြထားမှုများနှင့် ကောလာဟလသတင်းများကို မိဘပြည်သူများအနေဖြင့် မယုံကြည်ကြရန်တို့ကို ဖော်ပြထားကြောင်း သိရသည်။

ထိုလက်ကမ်းစာစောင်များကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း လမ်းမများတွင် သွားလာနေကြသော မိဘပြည်သူများအား အသိပညာပေးဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)