တပ်ကုန်း ဧပြီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ကျေးလက်စိုက်ပျိုးရေးတောင်သူများ Mobile Phone အသုံးပြု၍ စိုက်ပျိုးနည်းပညာနှင့် ဈေးကွက်သတင်းအချက်အလက်များ ရယူသုံးစွဲနိုင်ရေး Mobile Phone အသုံးပြုနည်းသင်တန်းကို ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းညွန့်က ကြီးကြပ်၍ ကွင်းဝန်ထမ်း ၂၇ ဦး တက်ရောက်ပြီး၊ သင်တန်းတွင် Mobile phone ဖြင့် DOA Website အသုံးပြုခြင်း၊ ဈေးကွက်သတင်းအချက်အလက်များနှင့် စိုက်ပျိုးနည်းပညာများရယူခြင်းနည်းလမ်းများနှင့် အခြား ICT ဆိုင်ရာ အထွေထွေဗဟုသုတများအား သင်ကြားပေးခဲ့ပြီးနောက် စိုက်ပျိုးရေးရှေ့တန်းစခန်းငါးခုတွင် ကျေးလက်စိုက်ပျိုးရေးတောင်သူများကို ဆင့်ပွား ဆက်လက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်