သထုံမြို့‌ပေါ်ရှိ ‌သောက်သုံးရေ အခက်အခဲရှိသည့် ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ သွားရောက်ရေလှူဒါန်း

သထုံ ဧပြီ 

မွန်ပြည်နယ်၊ သထုံမြို့‌ပေါ်ရှိ ရေအခက်အခဲဖြစ်ရာ ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဧပြီလ (၁)ရက်နေ့နံနက်က စတင်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်မင်း၏ ဦးဆောင်မှုဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ နန်းခဲရပ်ကွက်၊ ကွက်သစ်ပိုင်းရှိ ရေအခက်အခဲဖြစ်သည့် ပြည်သူများအား ဂါလံ (၁၆၀၀) ဆံ့ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ နေအိမ်အရောက် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

သထုံမြို့နယ်တွင် မီးသတ်ဦးစီးဌာနအနေဖြင့် ဌာန၏ ပြည်သူ့အကျိုးပြုလုပ်ငန်း အနေဖြင့် သောက်သုံးရေများကို ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ အများပြည်သူသုံးရေကန်များနှင့် ရေရှားပါရာနေရာများသို့ နှစ်စဉ် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း ဆက်လက်၍လည်း ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

(ခရိုင်ပြန်/ဆက်)