မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းဖွင့်လှစ်

မြောက်ဥက္ကလာပ ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁ ရက်နေ့ နံနက် ၉ နာရီက အမှတ် () အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပခဲ့ရာ အမှတ် () အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်း ကျောင်းသား/ ကျောင်းသူ (၅၈) ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် YMBA အသင်းမှ နာယကဦးစိုးမင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို အ.ထ.က () ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်က ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် YMBA အသင်းမှ သင်တန်းတက်ရောက်သူ ကျောင်းသား/ ကျောင်းသူများအတွက် အလှူငွေ () သိန်းကျပ်လှူဒါန်းရာ အ.ထ.က () ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်က လက်ခံရယူခဲ့သည်။

အဆိုပါသင်တန်းကို ဓမ္မစကူးကျောင်းများမှ ဆရာမများဖြစ်သည့် ဒေါ်ယဥ်ယဥ်လှ၊ ဒေါပြုံးမြင့်ဆွေ၊ ဒေါ်ဇင်မာဝင်းတို့က ကျောင်းသား၊ ကျောင်းသူလေးများကို ဗုဒ္ဓဝင်အဖြစ်အပျက်များ၊ ပုဂ္ဂိုလ်ထူးများအကြောင်းကို သိရှိပြီး ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကို ပိုမိုသက်ဝင်ယုံကြည်လေးစားကြည်ညိုကာ ဒါန၊ သီလ၊ ဘာဝနာအလုပ်များကို စနစ်တကျမှန်ကန်စွာ ကျင့်သုံးအားထုတ်တတ်စေရန်၊ ဗုဒ္ဓအဆုံးအမများကို မှန်ကန်စွာနားလည် လက်ခံကျင့်သုံးပြီး လူ့အဖွဲ့အစည်းအတွင်းတန်ဖိုးရှိသော လူသားတစ်ဦး ကျင့်ကြံနေထိုင်တတ် စေရန်၊ ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ပြန့်ပွားရေးတို့တွင် ပါဝင်ကူညီဆောင်ရွက်လာစေရန်၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးသိမ့်မွေ့တဲ့ ကျောင်းသားလူငယ်လေးများ ဖြစ်လာစေရန်၊ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုသည့်အတိုင်း နေထိုင်ကျင့်ကြံတတ်စေရန်၊ မိမိတို့ကိုးကွယ်ရာ ဘာသာတရားအပေါ်ယုံကြည်လေးစား တန်ဖိုးထားတတ်စေရန်အတွက် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဧပြီ (၁) ရက်မှ (၇) ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)