မြို့သစ် ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်သည် မြေခံ၊ ရေခံကောင်း၍ မိုးရေ၊ ဆည်ရေ၊ ကန်ရေ၊ မြေအောက်ရေတို့ဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း စိုက်ပျိုးတောင်သူများထံက သိရသည်။
ဒေသခံများသည် အိမ်ရှိမြေကွက်လပ်များ နှင့် ဥယျာဉ်ခြံများတွင် သခွား၊ ငရုတ်၊ ဘူးသီး၊ ခဝဲ၊ ရုံးပ တီ၊ ပဲသီး၊ ခရမ်း၊ မုန်လာဥ၊ ဆလပ်၊ ပန်းဂေါ်ဖီနှင့် အခြားဟင်းသီးဟင်းရွက်မျိုးစုံကို ရာသီအ လိုက် စိုက်ပျိုးကြရာ ခရမ်းမျိုးများအား ပျိုးထောင်ကျဲပတ်ပြီး အပင်ပေါက်များအားကျင်းတူး၍ ပြန်လည်ခွဲထုတ်စိုက်ပျိုးကြပြီး ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝ မြေဩဇာများ ကျွေးခြင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်းဖြင့် ပြုစုစိုက်ပျိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ (၂) ရက်ခြား (၃) ရက် တစ်ကြိမ် ခူး ဆွတ်ရောင်းချ ကြောင်း သိရသည်။
ခရမ်းသီး တစ်ပိဿာလျှင် (၁၅၀၀) ကျပ်နှင့် (၂၀၀၀) ကျပ်ခန့်အထိရရှိပြီး ထွက်ရှိသည့် အသီးများကို မြို့သစ်မြို့မစျေးကြီးအတွင်း ဖောက်သည်သွင်းရကြောင်း သိရသည်။
မြို့သစ်မြို့နယ်အတွင်းရှိ ပြည်သူများသည် တောင်ယာနှင့် ဥယျာဉ်ခြံများကို စိုက်ပျိုးလုပ် ကိုင်ကြသည့်အပြင် ရာသီအလိုက် ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)