အမြို့မြို့အနယ်နယ်သတင်းများ

Mar 29,2024
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး  ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေသည့် စာဖြေဌာနများသို့ ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကာ  စာဖြေဌာန ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများဖူးမြော်၍  စာဖြေသံဃာတော်နှင့်သီလရှင်များ ဖြေဆိုနေမှုများကို  လိုက်လံကြည့်ရှု ကြည်ညိုကြသည်။
Mar 29,2024
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေးဆွေးနွေးပွဲ (၂၀၂၄) ကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
Mar 29,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး ဝမ်းတွင်းမြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ဝမ်းတွင်းမြို့နယ် ရွှေတောင်ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Mar 29,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင် ရပ်ကွက်၊ စစ်ကိုင်းလမ်းခွဲ၊ နားမကြားသော ကလေးများကျောင်းတွင် မြန်မာ "စံ" လက်သင်္ကေတပြ ဘာသာစကား ကူညီပံ့ပိုးသူ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 29,2024
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၃၁၈၅ ဒသမ ၉၃၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား ၄ စင်း၊ Box Culvert ၁၈ စင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ်၊ တာလေ-မဲလလမ်း ၁၃/၀ မိုင်အနက် ၁/၆ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။
Mar 29,2024
ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သောဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထွေထွေ ပိုလျှံရန်ပုံငွေ(GRF)သို့ ပြန်လည်အပ်နှံမည့် အသုံးစိရိတ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောဌာန၊ အဖွဲ့အစည်းများမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
Mar 29,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး အတွက်မြို့သစ်မြို့နယ်စည်ပင် သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ သက်သာစွာစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့၊ မြို့မစျေးအတွင်း (အမဲသား၊ ဝက်သား၊ ဆိတ်သား) အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/ မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Mar 29,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ်အတွင်းရှိ နွေသီးနှံစိုက်ပျိုးသည့် အခြေအနေများအား ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။