အမြို့မြို့အနယ်နယ်သတင်းများ

Mar 29,2024
ရှမ်းပြည်နယ်ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ(၁/၂၀၂၄)အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 29,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Mar 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို  လှည်းကူးမြို့၊ သာသနာ့ရိပ်သာရပ်ကွက်ရှီ နိဗ္ဗာန်ဆိပ်ဦး သာသနာ့ဗိမ္မာန်တော်ကြီး၌ကျင်းပပြုလုပ်ရာ ဓမ္မာစရိယစာမေးပွဲ ပထမနေ့ကို ယမန်နေ့ နေ့လယ် ၁၂ နာရီမှ ညနေ  ၄ နာရီထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Mar 29,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပြည်စာဖြေဌာန၌ ယမန်နေ့မွန်းလွဲ (၁၂)နာရီက ဓမ္မာစရိယစာမေးပွဲကို ကျင်းပပြုလုပ်သည်။
Mar 29,2024
မြန်မာနိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းကျင်းပသော First Aid Program Review Workshop ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Central Hotel တွင် ကျင်းပခဲ့သည်။
Mar 29,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများအား အခမဲ့ ငှားရမ်းပေးခဲ့သည်။
Mar 29,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကျင်းပသော ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းရှိ စာဖြေဌာနအသီးသီးတွင် မတ်လ ၂၈ ရက်နေ့မှစတင်ကျင်းပလျက်ရှိရာ သာယာဝတီမြို့၊ ကွက်သစ်ရပ်ကွက်၊ ကျိုက်ထိုဇောတိကာရုံပရိယတ္တိစာသင်တိုက်၊ ဓမ္မာရုံတော်ရှိ သာယာဝတီစာဖြေဌာနတွင် ပထမနေ့အဖြစ် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(၁)ဘာသာရပ်ကို သံဃာတော် (၈၂)ပါး၊ သီလရှင် (၄)ပါးနှင့် လူပုဂ္ဂိုလ် (၁)ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။