အမြို့မြို့အနယ်နယ်သတင်းများ

Mar 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးနှင့် တရားမဝင် ဓာတ်အားသုံးစွဲမှုများ မရှိစေရေးတို့အတွက် ​လက်ရှိအသုံးပြု လျက်ရှိသည့်( Anlog C.T) မီတာအဟောင်းများ အဆင့်မြင့် (Digital C.T) မီတာများဖြင့် အစားထိုးလဲလှယ် တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိပါသည်။
Mar 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့ပေါ်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာရယူ သုံးစွဲနိုင်ရေးအတွက် ရေရရှိနိုင်မည့် နည်းလမ်းများအား ရှာဖွေ စိစစ်လျက်ရှိရာ၊ ညောင်ဦးမြို့နယ် ကျွန်းခင်းကြီးရေလှောင်တမံ တည်ဆောက်ရေးစီမံကိန်း အကောင်းအထည်ဖော် ဆောင်ရွက်၍ ရေပေးဝေသွားနိုင်ရေးအတွက်၊ အဆိုပါ တမံတည်ဆောက်‌ရေး ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း အစီရင်ခံစာအား၊ ဌာနဆိုင်ရာများနှင့် ဒေသခံများသို့ ချပြရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကာဝါမြေ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 29,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တွံ့တေးမြို့နယ် ကင်းရွာ- ခရမ်းကြီး- ခရမ်းဝ- ရေတွင်းကုန်း- ကွင်းပေါက် ကျေးရွာချင်းဆက် ကျေးလက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက အဆိုပါလမ်းတွင် ကျင်းပသည်။
Mar 29,2024
သာကေတမြို့နယ်တွင် သာသနာရေးဦးစီးဋ္ဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို မတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ အဆိုပါမြို့နယ် ဇိနမာရ်အောင်စေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
Mar 29,2024
ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကျရောက်မှု မရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရာ ယနေ့နံနက် ၉ နာရီက စတင်ကာ မြို့နယ်ဌာနဆိုင်ရာရုံး ၃ခုသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Mar 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သာသနာရေးဦးစီးဌာနမှ  ကြီးမှူးကျင်းပသော အစိုးရဓမ္မာစရိယစာမေးပွဲကို အမှတ်(၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီတွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
Mar 29,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။