အမြို့မြို့အနယ်နယ်သတင်းများ

Apr 06,2024
မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Apr 06,2024
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စာသင်ဝိုင်း ၂၀၃ ဝိုင်း၊ စာသင်ဝိုင်းနည်းပြ ၂၀၃ ဦး၊ ကြီးကြပ် ၂၆ ဦး ဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဧပြီလ ၅ ရက်နေ့မှ မေလ ၁၅ ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စာသင်ဝိုင်းများတွင် ပို့ချပေးမည့်နည်းပြများ၊ ကြီးကြပ်များအနေဖြင့် သင်တန်းကပို့ချသည့် စာတွေ့သာမက မိမိတို့ ၏စွမ်းဆောင်ရည်များဖြင့် ကြိုးစားသင်ကြားပေးသွားရန် ဧပြီလ ၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားသည်။
Apr 06,2024
၂၀၂၄ ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက် ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “တို့အင် တို့အား” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်သည်။
Apr 06,2024
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲ၌ အဘိဓမ္မတ္ထ သင်္ဂဟဘာသာရပ် ဖြေဆိုခြင်းကို ဧပြီလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီက အမှတ်(၁)ရပ်ကွက် အောင်မြေသုခကျောင်းတိုက် စာဖြေဌာနတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
Apr 06,2024
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ဧပြီလ ၅ ရက် နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 06,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ အဘိဓမ္မတ္ထသင်္ဂဟဘာသာကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က လှိုင်းဘွဲမြို့မ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Apr 06,2024
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို သာသနာ့ဗိမာန်တော်တွင် ယနေ့မွန်းတည့်(၁၂)နာရီက တတိယနေ့အဖြစ် ကျင်းပဆောင်ရွက် လျက်ရှိ သည်။
Apr 06,2024
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၁၃၈၅(၂၀၂၄)ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများကို ရတနာသိဒ္ဓိသာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့မွန်းတည့်(၁၂)နာရီတွင် တတိယနေ့အဖြစ်  ကျင်းပဆောင်ရွက်လျက်ရှိသည်။