လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲ တတိယနေ့ အဘိဓမ္မတ္ထသင်္ဂဟဘာသာဖြင့် ဆက်လက်ကျင်းပ

လှိုင်းဘွဲ   ဧပြီ   ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ အဘိဓမ္မတ္ထသင်္ဂဟဘာသာကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က လှိုင်းဘွဲမြို့မ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ အဘိဓမ္မတ္ထသင်္ဂဟဘာသာကို ကျင်းပရာ ပထမ ကြီးတန်းတွင် စာဖြေသံဃာ(၃)ပါး၊ ပထမလတ်တန်းတွင် (၉)ပါး၊ ပထမငယ်တန်းတွင် (၂၃)ပါး၊ အခြေပြု မူလတန်းတွင် (၅၈)ပါး စုစုပေါင်း စာဖြေသံဃာ (၉၃)ပါးဖြင့် ဝင်ရောက် ဖြေဆိုခဲ့ကြပြီး စာမေးပွဲဖြေဆိုရာသို့ စစ်ဗျူဟာ(အခြေချ)လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်နှင့် တပ်ရင်/တပ်ဖွဲ့ မိသားစုဝင်များက စာမေးပွဲကြီးကြပ်ရေး ဆရာတော်/သံဃာတော်ကြီးများနှင့် စာဖြေသံဃာတော်များအတွက် အ‌ချိုရည်များ လာရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)