မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

မြင်းခြံ ဧပြီ ၅

မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က အခမ်းအနားမှူးတစ်ဦးတွင် ရှိရမည့် အရည်အချင်းများအကြောင်း၊ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင် ရမည့် အချက်များနှင့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုနှင့် အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့် နည်းလမ်းများအကြောင်း၊ အသံ အဖြတ်အတောက်၊ အနိမ့်အမြင့် အသုံးအနှုန်းများအကြောင်းနှင့် အခမ်းအနားမှူး တာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် နည်လမ်းများကို စာတွေ့/လက်တွေ့ လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားမှူးသင်တန်းကို သင်တန်းသား/သင်တန်းသူ (၁၀) ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

အေးမြ(အညာမြေ)