Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နောင်ချိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတတိယနေ့ဆက်လက်ဖြေဆို
Apr 07,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲပထမနေ့ကို ဧပြီလ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က တောင်ရပ်ကွက် မဏိရတနာသာသနာ့ဗိမာန်တော်တွင် တတိယနေ့အဖြစ် ဆက်လက်ဖြေဆိုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သပြေညိုပညာဒါနအကျိုးဆောင်အသင်းမှ ဖွင့်လှစ်သော နွေရာသီပညာဒါနသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်
Apr 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် သပြေညိုမင်္ဂလာခန်းမတွင် လူငယ်လူရွယ်များ ဘဝတစ်ကွေ့ခရီးလမ်းတွင် အထောက်အကူပြုစေမည့် ပညာရပ်များကို သင်ကြားပေးနေသည့် သပြေညိုပညာဒါနအကျိုးဆောင်အသင်း(ထောက်ကြန့်)မှ ဖွင့်လှစ်ပေးသော နွေရာသီပညာဒါနအခမဲ့သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Apr 07,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေး၊ အောင်မြေသာစံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အိုးဘို/ရွှေကျင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်နေပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် သင်တန်းများဖွင့်လှစ်
Apr 07,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဝဲကြီးကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ၊ သပြေစမ်းကျေးရွာ၊ ရတနာဒီပရပ်ကွက်နှင့် အမှတ်(၂) ကျည်တောင်ကန်ရပ်ကွက်တို့၌ ကျေးလက်နေပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် သင်တန်းများကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းအဖြစ် သင်တန်းဖွင့်လှစ်ပို့ချ
Apr 07,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို မြို့နယ်အတွင်းရှိ စာသင်ဝိုင်းအသီးသီး၌ ယမန်နေ့ နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ၂၀၂၄- ၂၀၂၅ မိုးစပါးပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် ပဲစဥ်းငုံ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပညာပေးဆွေးနွေးပွဲ ကျင်းပ
Apr 07,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များသည် မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာများလိုက်ပါ၍ ရွှေတောင်မြို့နယ်၊ ဆိတ်ကြီးကျေးရွာအုပ်စု၊ ဆိတ်ကြီးကျေးရွာ အ.လ.က-ဆိတ်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၄- ၂၀၂၅ မိုးစပါး ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် ပဲစဥ်းငုံ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာအောင်သံဃာများအား (၂၆)ကြိမ်မြောက် စာအောင်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Apr 07,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့တွင် မြို့နယ်သံဃာ့နာယကအဖွဲမှ ဦးစီးကျင်းပသော (၂၆)ကြိမ်မြောက် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာအောင်သံဃာများအား စာအောင်ဆုဆက်ကပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ရပ်ကွက်(၁) ဘုရားကြီးလမ်းရှိ သာရမဥ္ဇူသာမိုးကောင်းဘုရားဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Apr 07,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်ဓမ္မာရုံ၌ ၂၀၂၃ ပြည့်နှစ်တွင် ကျင်းပပြီးစီးခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ) အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား ဆုချီးမြှင့်သည် စူဠဘွဲ့နှင်းသဘင်အခမ်အနားကို ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9222
Page
9223
Page
9224
Page
9225
Current page
9226
Page
9227
Page
9228
Page
9229
Page
9230
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department