အမြို့မြို့အနယ်နယ်သတင်းများ

Apr 06,2024
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်ထို မြို့အမှတ် (၁) အခြေခံပညာမူလတန်းလွန်ကျောင်း (ကံ့‌ကော်) ၌ ဖွင့်လှစ်ခဲ့သည်။
Apr 06,2024
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဧပြီ ၆ ရက်နေ့ နံနက်ပိုင်းတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ စာသင်ဝိုင်းများတွင် စာသင်သားများ သင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
Apr 06,2024
ကျေးလက်နေပြည်သူများအားလုံး ပညာရည်မြင့်မားရေးနှင့် ဗဟုသုတကြွယ်ဝရေးတို့အတွက် ရည်ရွယ်၍ သင်ကြားမှုသင်ယူမှုနည်းစနစ်များဖွံ့ဖြိုးတိုးတက်၍ ရပ်ရွာအတွင်းရှိ စာမတတ်သူ ကျောင်းမနေဘူးသူများ ပညာရေးနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန် ကျေးရွာများတွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြို့နယ်အဆင့် စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များသည် ယနေ့နံနက်က ကွင်းဆင်းကြည့်ရှုခဲ့သည်။
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ်၊ ဧပြီ(၆)ရက်နေ့ နံနက်(၈)နာရီမှစတင်၍ စာသင်ဝိုင်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ၊ အဆိုပါစာသင်ဝိုင်းများ ဖွင့်လှစ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်းသိရသည်။
Apr 06,2024
မုံရွာမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ မြို့တွင်းရှိကားလမ်းများ သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ် ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းဘေးဝဲ/ ယာရှိ လျှပ်စစ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေးတို့အတွက် ဧပြီလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ကုတင် ၂၀၀ ဆံ့၊ သားဖွားမီးယပ်နှင့် ကလေးဆေးရုံကြီးမှ အောင်မဂ်လာအဝိုင်းထိ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ ယာအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
Apr 06,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအား အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားခြင်းကို ဧပြီ ၆ ရက် နံနက် ၉ နာရီက ကျိုက်မရောမြို့ ရေတွင်းကျေးရွာ အ.ထ.က.ခွဲကျောင်းခန်းမ၌ ပြုလုပ်သည်။
Apr 06,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူ များနှင့်တိုင်း ရင်းသားပြည်သူများစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်းဖွင့်လှစ်၍ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ဧပြီလ ၆ ရက် နံနက်ပိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 06,2024
သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတ ဦးစီးပဓာနပြု၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပည့်သာဝကအပေါင်းတို့ စုပေါင်း၍ ကျင်းပပြုလုပ်သော တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အသီးသီးမှ ရှင်သာမဏေ လောင်းများအား သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက  တောင်တွင်းကြီးမြို့နယ် ဗိဿနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီး ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။