အမြို့မြို့အနယ်နယ်သတင်းများ

Apr 06,2024
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေး မြှင့်တင်နိုင်ရန် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် စာသင်ဝိုင်းများကို သတ်မှတ်နေရာအသီးသီးတို့တွင် ယနေ့ မွန်းလွဲပိုင်း ( ၁ ) နာရီမှ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
Apr 06,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ပန်ခင်းစီမံချက်(၃)အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၁၁)နာရီကပြုလုပ်သည်။
Apr 06,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးအတွက် ဧပြီ(၆)ရက် နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်/ကျေးရွာ(၁၀)နေရာတွင် စာသင်ဝိုင်းများဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြသည်။
Apr 06,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌ ကျေးလတ်နေပြည်သူများနှင့် တိုင်းရင်းသာပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းကို နည်းပြဆရာ/ဆရာမ(၂၄)ဦး အဆင့်မြင့်ကျောင်းသား(၂)ဦး  ကြီးကြပ်သူ(၄)ဦး စုစုပေါင်း(၃၀)တို့က ယနေ့နံက်ပိုင်းမှ စတင်၍  ကျေးရွာ(၂၄)ရွာတွင် အခြေခံ စာတတ်မြောက်ရေး စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြာပေးလျက်ရှိကြောင်း သိရသည်။
Apr 06,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမ၌ မြို့ နယ်စာရေးဆရာအသင်းနှင့် (Woman Club) အဖွဲ့တို့ပူးပေါင်း၍လစဉ် စာဖတ်ဝိုင်းများကိုကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နေ့လယ် ၁ နာရီချိန်က ကြီးပွားအောင်မြင်အောင်ပန်းကို ဆင်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြု လုပ်ခဲ့သည်။
Apr 06,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် တိုင်းရင်းသားပြည်သူများနှင့် ကျေးလက်နေပြည်သူများအား စာတတ်မြောက်ရေးလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ကျိုက္ခမြို့ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၊ ကဇတ်ရုံ၌ ကျင်းပပြုလုပ်သည်။
Apr 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ (၃) နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ် ဆောင်ရွက်ခဲ့သည်။
Apr 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။