သံတွဲမြို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲတတိယနေ့ဖြေဆိုလျက်ရှိ

သံတွဲ ဧပြီ ၅

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို သာသနာ့ဗိမာန်တော်တွင် ယနေ့မွန်းတည့်(၁၂)နာရီက တတိယနေ့အဖြစ် ကျင်းပဆောင်ရွက် လျက်ရှိ သည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲသင်္ဂြိုလ်ဘာသာရပ်ကို သံတွဲမြို့နယ်အတွင်းရှိ ပထမကြီးတန်းစာရင်းရှိ (၂)ပါး၊ ဖြေဆို(၁)ပါး၊ ပထမလတ်တန်းစာရင်းရှိ(၉)ပါး၊ ဖြေဆို(၈)ပါး၊ ပထမငယ်တန်းတွင် စာရင်းရှိ (၁၂)ပါး၊ ဖြေဆို(၁၀)ပါးနှင့် အခြေပြုမူလတန်းစာရင်းရှိ( ၄၆)ပါး၊ ဖြေဆို(၄၀)ပါး ဖြေဆိုကြရာ စုစုပေါင်းစာရင်းရှိ (၆၉)ပါးရှိပြီး ဖြေဆိုသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၅၉)ပါး ဖြေဆိုကြခဲ့ကြကြောင်း သာသနာရေးဦးစီးဌာနမှသိရှိရသည်။

ထိုသို့အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနေစဥ်တွင် မြို့နယ်သံဃာ့နာယက ဥက္ကဌ ဆရာတော်နှင့် ကြီးကြပ်ရေးအဖွဲ့ဆရာတော်ကြီးများက ကြီးကြပ်စစ်ဆေးတော်မူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော် များအား အချိုရည်နှင့် ရေသန့်ဘူးများ ဆက်ကပ် လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်