အမြို့မြို့အနယ်နယ်သတင်းများ

Apr 06,2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာန (ရုံးချုပ်) တည်ရှိရာ ပုသိမ်ကြီးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ် ကျရောက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီက အဆိုပါရုံးချုပ်ရှိ စန္ဒကူးခန်းမ၌ မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောသရုပ်ပြပွဲ ဆောင်ရွက်ခဲ့သည်။
Apr 06,2024
မန္တလေးတိုင်းဒေသကြီးအတွင်း ၁၃၈၅ ခုနှစ် (၂၀၂၄ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိဂုဏ်ထူး(ပထမနေ့) ဘာသာရပ်အား ဧပြီလ(၄)ရက်နေ့ မွန်းလွဲပိုင်းတွင် စာဖြေဌာန (၄)ခုဖြင့် ကျင်းပ စစ်ဆေးခဲ့ရာ စာရင်းရှိ ၁၀၉ ပါး၊ ဖြေဆို ၅၃ ပါး၊ ပျက်ကွက် ၅၆ ပါး၊ ဖြေဆိုရာခိုင်နှုန်း ၄၉ ဖြေဆိုခဲ့ကြောင်း သိရသည်။
Apr 06,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့မွန်းတည့် ၁၂ နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဆက်လက်ဖြေဆိုတော်မူကြောင်း သိရသည်။
Apr 06,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ တောတောင်များတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော မှန်ကူပင်များမှ မှန်ကူသီးများ ရင့်မှည့်ပြီဖြစ်၍ ဒေသခံများမှာ လိုက်လံခူးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ရှိ မဟာမုနိဘုရားဝန်းအတွင်း၊ ရတနာမဉ္ဇူဓမ္မာရုံ၌  မတ်လ(၂၈)ရက်နေ့မှစ၍ စတင်ဖြေဆိုကျင်းပလျက်ရှိရာ အစိုးရပါဠိပထမ ပြန်စာမေးပွဲ(တတိယနေ့) (ကြီး၊ လတ်၊ ငယ်၊ မူ) ဖြေဆိုရန်စာရင်းပေးသွင်းသူ ရဟန်းသံဃာ(၁၉၀) ပါး၊ သီလရှင်(၁၁)ပါး စုစုပေါင်း(၂၀၁)ပါးရှိပြီး လာရောက်ဖြေဆိုသူ ရဟန်းသံဃာတော်(၁၄၅)ပါး၊ သီလရှင်(၈)ပါး စုစုပေါင်း(၁၅၃)ပါး ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Apr 06,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ စုကြီးအုပ်စု၊ ကံဦးရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းဘေးတွင် ဧပြီ(၅)ရက် နံနက် ၁၀ နာရီခန့်က ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှ အီလက်ထရောနစ်နှင့်အားကစားပစ္စည်းအရောင်းဆိုင် တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Apr 06,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင် ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက်  အခြေခံစာတတ်မြောက်ရေးလုပ်ငန်း   ဖွင့်ပွဲအခမ်းအနားအစီအစဉ်ကို ယနေ့နံနက် (၁၀) နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Apr 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ့အလင်းခေတ်မီစာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် (၁၁:၀၀) နာရီအချိန်က လေအန်ကုန်းစာပေရပ်ဝန်းမှ စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)တို့ပူးပေါင်း၍ စာရေးသားနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖ ဦးသိန်းနိုင်၊ လေအန်ကုန်း စာပေရပ်ဝန်းမှ တာဝန်ရှိသူများ စာရေးဆရာများ၊ သင်တန်းနည်းပြဆရာ စာရေးဆရာ သိင်္ခသူနှင့် စာရေးဆရာ နောင်အံ့လူ၊ သင်တန်းသား/ သင်တန်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်၊၊