မတ္တရာမြို့နယ်၌ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကျင်းပ

 

မတ္တရာ   ဧပြီ    ၅

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ဧပြီလ ၅ ရက် နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ မြစိမ်းရောင်စီမံကိန်း ကျေးရွာများတွင် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများမှ အားနည်းချက်အားသာချက်များ၊ အလုပ် အကိုင်အခွင့် အလမ်းရရှိမှုများ၊ အတွေ့အကြုံများ၊ အခက်အခဲများကို ကော်မတီဝင်များမှ ပါဝင် ဆွေးနွေးစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်က ဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များ၊ မတ္တရာမြို့နယ်အတွင်း၌ ဖွံ့ဖြိုးရေးလုပ်ငန်း(၂၂၆)ခုကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မြစိမ်း ရောင်စီမံကိန်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သုံးသပ်ဆွေးနွေးပြီး ရရှိ သောအချက်အလက်များကို အထက်အဆင့်ဆင့်သို့ တင်ပြပြီး လာမည့် စီမံကိန်းများတွင် ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် ဦးစီးအရာရှိ ဦးလှိုင်းမင်းထွန်းမှ စီမံကိန်းအကြောင်းကိုရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြစိမ်းရောင်စီမံကိန်းကျေးရွာကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ လိုအပ်သည်များ၊ အခက်အခဲများ၊ သင်တန်းအမျိုးအစားရွေးချယ် ဖွင့်လှစ်မှု အခြေ အနေများ၊ သင်တန်းသားရွေးချယ်မှုနှင့် အတွေ့အကြုံများ စသည့်အကြောင်းအရာများကို တင်ပြ ဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူတို့က ပေါင်းစပ်ညှိနှိုင်း‌ ဆွေးနွေး ကြခဲ့သည်။

မတ္တရာမြို့နယ်၌ ဂွေးပင်၊ မကျီးကုန်း၊ မြောင်းဦး၊ ညောင်အုပ်၊ ဒီဃာ၊ တောင်ကန်၊ ရှမ်းရွာ၊ ဆူးကား၊ ဟင်္သာကုန်း၊ ဝက်ခဲ၊ သမန္တာ၊ တောင်ပြုံးလေး၊ ကျွဲခြံကုန်း၊ သီလကုန်း၊ အညာကိုင်း၊ ဆင်ရွာသစ်၊ မြစ်တဘက်၊ လယ်ကြီးရပ်၊ ရွှေဘောင်၊ ရှင်လှ(လ)၊ သဲကျွန်း၊ မြွေရေယာဥ်၊ ဆောက်ခြုံပေါက်၊ အလည်ရွာ၊ ကုန်းကြီး၊ အုန်းလွှတ်၊ ကိုင်းကြီး၊ ကြပ်ပြင်၊ ရန်းကုန်း၊ အုတ်တိုက်၊ စျေးသစ်၊ တောပု၊ တံတာဦး၊ ဆင်ရွာကြီး၊ ကန်လည်ခုန်၊ တောင်ခေါင်း၊ သမင်ခြံ(တ)၊ သမင်ခြံ(မ)၊ ကမ်းတဖက်စသည့် ကျေးရွာ(၃၉)ရွာကို မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာများအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စီမံကိန်းနှင့် သက်ဆိုင်သော ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စီမံကိန်းကျေးရွာများမှ ကျေးရွာကော်မတီဝင်များ တက် ရောက်ခဲ့ကြသည်။

စိုးကျော်သူထွေး(မတ္တရာ)