အမြို့မြို့အနယ်နယ်သတင်းများ

Apr 09,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့မွန်းတည့် ၁၂နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲကို ပထမကြီးတန်း ဆက်လက်ဖြေဆိုတော်မူကြောင်း သိရသည်။
Apr 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင်   ၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန် စာအောင်သံဃာတော်တော် (၆၄) ပါးနှင့် ကြီးကြပ်ဆရာတော် (၁၁) ပါးတို့အား စာအောင်လက်မှတ်၊ စာအောင်ဆုနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို စူဠာမုနိကုသိုလ်တော်ဘုရားကြီး အရှေ့ဘက်အာရုံခံတန်ဆောင်းတော်ကြီးအတွင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 09,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယနေ့နံနက် ၇ နာရီအချိန်က ၂၀၂၃ ခုနှစ်အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော စာအောင်သံဃာတော်များအား မြို့တွင်းသို့ လှည့်လည် ပူဇော်ခံပြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက် ရတနာပုံကျောင်းတိုက် ဓမ္မာရုံတွင် (၃၅) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Apr 09,2024
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။
Apr 09,2024
ကျောင်းသား၊‌ ကျောင်သူများ အင်္ဂလိပ်စာစွမ်းရည် တိုးပွားလာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 09,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ BookClubအဖွဲ့တို့နှင့် ပူးပေါင်း၍   ဦးဝင်းတင် ရေးသားသော ကိုယ်သာလျှင် ကိုယ့်ဘဝသခင်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Apr 09,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် (၉၄) ရပ်ကွက် အေ၊ ဘီ၊ စီ ဘလောက်လုံးဆိုင်ရာ ပထမအကြိမ် အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ရဟန်းသံဃာ (၉၄) ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၉:၀၀ နာရီအချိန်က (၉၄) ရပ်ကွက် အေဘလောက်၊ ၁၅ လမ်းထိပ်ရှိ အိမ်ယာစီမံခန့်ခွဲရေးကော်မတီရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
Apr 09,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်များ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါရုံးပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ နေပြည်တော် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်၊ နေပြည်တော် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ၊  ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးရဲလင်းအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ထက်မျက်လွင်နှင့် ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။