ကွန်ဟိန်းမြို့ (Community Centre) ခန်းမ၌ ကိုယ်သာလျှင် ကိုယ့်ဘဝသခင်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

ကွန်ဟိန်း ဧပြီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ BookClubအဖွဲ့တို့နှင့် ပူးပေါင်း၍   ဦးဝင်းတင် ရေးသားသော ကိုယ်သာလျှင် ကိုယ့်ဘဝသခင်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ 

ထိုနောက် စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ် ရွှန်းမျက်သွယ်နိုင်က ပြီးမြောက်အောင်မြင်မှု အနုပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ် နန်းတင်မြက ယုံကြည်မှုအနုပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နန်းနုနုယဥ်က စာနာနားလည်မှုအနုပညာခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ကျန်းမာရေးအသိပညာပေးနံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းအား စာဖတ်သူတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့်အလေ့အထများ တိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)