အမြို့မြို့အနယ်နယ်သတင်းများ

Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အ.ထ.က(ခန္တီး)ကျန်စစ်သားခန်းမ၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီး အကဲများ၊ ကျောင်းဆရာ/မများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းတက်ရောက်မည့်သူများ တက်ရောက်ခဲ့ကြသည်။
Apr 09,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်များ ဖွင့်လှစ်ထားရှိမှုနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက တံတားဦးမြို့ တောကျောင်း အနောက်တိုက် ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပကြောင်း သိရသည်။
Apr 09,2024
စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ လူမှုဝန်ထမ်းရုံးအောက်ရှိ မျက်မမြင်ကျောင်း(စစ်ကိုင်း)၊ မူလတန်းကြိုကျောင်း (စစ်ကိုင်း) တို့မှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာရှင်းလင်းပွဲကို ယနေ့နံနက်(၁၀)နာရီခွဲက မျက်မမြင်ကျောင်း (စစ်ကိုင်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 09,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၊ ဝါသနာတူလူငယ်များအသင်း (Youth Club)တို့ ပူးပေါင်းပြီး စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားထားသည့် " မြန်မာပြည်သား " စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် ကျောက်မြောင်းမြို့များတွင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာ ပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူများ၊ စာမတတ်သူ၊ ကျောင်းမနေသူများ ပညာရေးနှင့် ရင်နှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရေးအတွက် ဧပြီလ(၆)ရက်နေ့မှစတင်ကာ  စာသင်ဝိုင်း (၃၀)ဝိုင်း ဖွင့်လှစ်ကာ စာသင်သား(၅၅၆)ဦးတို့အား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Apr 09,2024
ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြ သည်။
Apr 09,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် လွန်ခဲ့သောနှစ်ကာလများက ကျေးရွာကြီးအဆင့်သာရှိခဲ့ရာ လူနေအိမ်များနှင့် အခြားလိုအပ်သော အဆောက်အဦငယ်များကို ဒေသထွက်သစ်ဝါးများဖြင့်သာ အဓိကတည်ဆောက်နေထိုင် အသုံးပြု ခဲ့ကြရာမှ (၂၀၀၈) ခုနှစ် ဇန်နဝါရီလတွင် မြို့အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီးနောက် လူနေအိမ်နှင့် အခြားလိုအပ်သော အဆောက်အအုံများကို ဆောက်လုပ်ရာတွင် သွပ်မိုး၊ အုပ်ညှပ်များဖြင့် ပြောင်းလဲတည်ဆောက်လာခဲ့ကြပြီး သစ်ဝါးများ အသုံးပြုမှုနည်းပါးခဲ့ကြောင်း သိရသည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ ၁ နာရီချိန်တွင် မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်းရာဇာခန်းမ၌ ကျင်းပခဲ့သည်။