မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အင်္ဂလိပ်စာသင်တန်းဆင်းပွဲ ပြုလုပ်

မရမ်းကုန်း ဧပြီ ၉

ကျောင်းသား၊‌ ကျောင်သူများ အင်္ဂလိပ်စာစွမ်းရည် တိုးပွားလာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ရီရီလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အင်္ဂလိပ်စာသင်တန်း (နည်းပြ) ဆရာဦးလှသိန်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကာ မြို့နယ် ပြန်/ ဆက်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ကျောင်းသား/ သူ(၁၅)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ အပတ်စဉ် တနင်္လာနေ့နှင့် အင်္ဂါနေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ သင်ကြားပေးမည်ဖြစ်ကာ (၁၈-၃-၂၀၂၄) ရက်နေ့မှ (၉-၄-၂၀၂၄)ထိ (၄) ပတ်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ယဉ်မော် (ပြန်/ဆက်)